HOTEL LIFE နှင့် U.A.E

Fantasy Myspace Comments

ဟိုတယ်အလုပ်အကိုင်တွေ ခေတ်စားနေတဲ့ဒီအချိန်မှာ မြန်မာလူငယ်တော်တော်များများ ဟိုတယ်သင်တန်းတွေဘက်ကို အာရုံစိုက်လာကြပါတယ်။ ဟိုတယ်သင်တန်းတွေကလည်း ၀န်ဆောင်မှုအမျိုးမျိုးနဲ့ ဖိတ်ခေါ်လာတယ်။ လျှော့ဈေးတွေ အပြိုင်အဆိုင်ချပြီး သူတို့သင်တန်းကိုသာတက်ဖို့ ကြော်ငြာလာကြပါတယ်။ နိုင်ငံခြားဟိုတယ်အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုသင်တန်းတွေကလည်း သူထက်ငါအပြိုင်အဆိုင် ပေါ်ထွက်လာပါတယ်။ကျွန်တော်တို့ ယူအေအီးမှာတော့ ရောက်လာကြတဲ့သူတိုင်းလိုလို (ဟိုတယ်နဲ့ပတ်သက်ပြီး) ဟိုတယ်သင်တန်းတစ်ခုမဟုတ်၊ တစ်ခုကဆင်းလာကြတဲ့ သူတွေချည်းပါပဲ။

တစ်ချို့ကရန်ကုန်မှာ အင်တာဗျူးအောင်ပြီး ရောက်လာကြတယ်။ တချို့ကတော့ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ ရောက်လာကြပါတယ်။ ဒီရောက်လို့လုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာ စပြီးအခက်အခဲတွေ့တော့တာပါပဲ။ တကယ်တမ်းလုပ်ငန်းခွင်မှာ လက်တွေ့လုပ်ခိုင်းတော့ အစိမ်းသက်သက်သဘောမျိုးဖြစ်နေကြပါတယ်။ မေးကြည့်တော့ သင်တန်းမှာက များသောအားဖြင့် စာတွေ့ပဲသင်တယ်လို့ ပြောပါတယ်။ ON JOB TRAINING ဆင်းဖို့လွှတ်တဲ့ဟိုတယ်မှာကလည်း တောက်တိုမယ်ရလောက်ကိုပဲ လုပ်ခိုင်းတယ်လို့ ပြောပါတယ်။ (F&B PRODUCT သမားဆိုရင် ကြက်သွန်ပဲလှီးခိုင်းတယ်တဲ့ ခင်ဗျ) သင်တန်းနံမည်ကိုမေးကြည့်တော့…
ရန်ကုန်က နံမည်အကြီးဆုံးသင်တန်းတစ်ခု ဖြစ်နေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာက များသောအားဖြင့် နံမည်ကြီးဟိုတယ်သင်တန်းရဲ့ CERTIFICATE ကိုပဲ မက်မောကြပါတယ်။ သူ့နေရာနဲ့သူတော့ Certificate ကအရေးကြီးပါတယ်။ ဒါပေမယ့် Certificate ကောင်းကောင်းရှိနေပြီး ရှိသင့်တဲ့ အရည်အချင်းမရှိဘူးဆိုရင် လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ရှိသင့်တဲ့အရည်အချင်းကို အပြည့်အ၀ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ဒီနိုင်ငံမှာ မိမိဘ၀တိုးတက်ပြောင်းလဲဖို့ အချိန်အနည်းငယ်ပဲ လိုပါတယ်။ နံမည်ကြီး Certificate တွေမကိုင်ထားပဲ ဒီမှာကောင်းမွန်တဲ့အလုပ်ရရှိသွားသူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကိုတော့ ယုံကြည်ဖို့လိုပါတယ်။ ကျွန်တော်အလုပ်ရှာနေဆဲ ကာလမှာ ကျွန်တော့်မိတ်ဆွေတစ်ယောက် ပြောဖူးတဲ့ စကားကို အမှတ်ရမိပါတယ်။ (ခင်ဗျား ဘယ်အလုပ်ကို တကယ်ကျွမ်းကျင်လဲ။ Software Engineering လား။ Network Engineering လား။ Programming လား။ Heardware လား။ တကယ်ကျွမ်းကျင်တယ်လို့ ခင်ဗျားကိုယ်ခင်ဗျားယုံကြည်ရင် ၀င်အင်တာဗျူး၊ ခင်ဗျားအလုပ်မရရင် ကျွန်တော်ခင်ဗျားကို တင်ကျွေးထားမယ်) တဲ့။

Comments

comments

2 comments on “HOTEL LIFE နှင့် U.A.E”

  1. ဆက်ရေးဗျို့… ဒီလိုပို့စ်တွေက ဖတ်တဲ့သူတိုင်းအတွက် အသိတိုး အသုံးကျစေမှာသေချာတယ်။

  2. ကျေးဇူးပဲ

Comments are closed.