အချစ်စစ် ၊ ကိုနွယ်ရိုး နှင့် ZOX

tue

ကျွန်တော် ဘလော့ဂ်တွေလျှောက်လည်ရင်းနဲ့ ကိုနွယ်ရိုးရဲ့ဘလော့ဂ် ကို ရောက်သွားပါတယ်။ အဲဒီမှာ (ဘာလည်းအချစ်စစ်ဆိုတာ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို ဖတ်လိုက်ရပါတယ်။ ကိုနွယ်ရိုးက ပို့စ်အဆုံးမှာ မေးခွန်းလေးတွေကို မေးထားပါတယ်။ ကျွန်တော်ကလည်း အချစ်နဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံဆိုတော့ အခုဒီမှာပြန်ဖြေလိုက်ပါတယ်။ ကျွန်တော့်ခံယူချက်ပါ။ တိုက်ဆိုင်သူရှိသလို ကွဲလွဲသူတွေလည်းရှိမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ခံယူချက်ကို တင်ပြခွင့်ရတဲ့အတွက် ကိုနွယ်ရိုးကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ အမေးအဖြေ တွေကို အောက်မှာဖတ်ရှုကြည့်ပါဦး။

ကျွန်တော့်မှာမေးခွန်းတွေရှိလာပါတယ် ..
၁)အချစ်တစ်ခု စစ်မစစ်ဆိုတာ ဘာနဲ့တိုင်းတာမလည်း ….. (ကျွန်တော့်နဲ့ရင်းနှီးတဲ့အစ်မကြီး တစ်ယောက်ကတော့ ခံစားချက်နဲ့တိုင်းတာတယ်တဲ့)
၂) လူတစ်ယောက်ဟာ အချစ်စစ်ကိုဘယ်နှစ်ခါလောက်တွေ့နိုင်လည်း ….
၃) အချစ်စစ်ဟာ ဘယ်လိုအခြေနေနဲ့ ဘယ်သူတွေဆီကနေရနိုင်လည်း ….
၎) အချစ်စစ်ကိုကြိုးစားလုပ်ယူ၍ ရနိုင်လား …..
၅) အချစ်စစ်ရဲ့သက်တမ်း တစ်ခုနဲ့ တစ်ခုတူလား ….
၆) အချစ်စစ်ကို ခံစားသိတတ်နိုင်ဖို့ ဘာလိုလည်း ….
၇) အချစ်စစ်တခုကိုတာရှည်အောင်ထိန်းသိမ်းလို့ရလား ….
၈) အချစ်စစ်ဆိုတာ စံတွေကြားထဲကအရာလား …..
၉) ကျွန်တော်တို့ဖက်ကကော အချစ်စစ်ကိုလက်ခံနိုင်အောင်၊ အချစ်စစ်ကနဲ့ထိုက်တန်ဖို့ ဘာတွေလိုအပ်လည်း
၁၀) အချစ်စစ်က ကျွန်တော်တို့မသိလိုက်တဲ့အချိန်မှာ လာနိုင်လား ……
၁၁) အချစ်စစ်က သဘာဝလား ဖန်တီးမူလား …..
၁၂) အချစ်စစ်က ကျွန်တော်တို့ကို ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုး(ရှိခဲ့ရင်) ပေးနိုင်လည်း ….
၁၃) ဘယ်လိုလူတွေဟာ အချစ်စစ်ကိုအများ ဆုံးတွေ့ရလည်း ……
၁၄) ကျွန်တော်တို့ကိုယ်ဠ်ကကော အချစ်စစ်နဲ့ တပါးသူကိုချစ်ဖူးလား၊ အချစ်စစ်ဆိုတာ
၁၅) အချစ်စစ်ဆီကနေ တောင်းဆိုမူတွေလုပ်လို့ရလား ……………..အစရှိတဲ့မေးခွန်းတွေပါ။

ကျွန်တော့်မေးခွန်းတွေကို ကျွန်တော်ပြန်မဖြေတော့ပါဘူး။ ( ဖြေစေချင်ရင်လည်း ဖြေပါ့မယ်) အယူအဆတွေ ကွဲလွဲနိုင်လို့ပါ။ ဒါပေမယ့် အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်။ မရှိဘူးဆိုတဲ့ သူတွေအတွက်ကတော့၊ အချစ်စစ်ကို ခံစားနိုင်လောက်အောင် ထိုက်တန်တဲ့ တန်ဖိုးတွေမရှိလို့ပါ။ ကောင်းကင်ကြီးက ရှိနေပါတယ်၊ မြင်နိုင်ဖို့တော့ မျက်လုံးတစ်စုံလိုအပ်ပါတယ်။

ကျွန်တော်က ဒီလိုပြန်ဖြေထားပါတယ်။

ဟုတ်ကဲ့… ကိုနွယ်ရိုးရေ။ အချစ်နဲ့ပတ်သက်ပြီး နည်းနည်းလေးတော့ ဖွင့်ဟခွင့်ပြုပါ။
၁။ အချစ်တစ်ခုစစ်မစစ်ဆိုတာ ရင်ထဲကသစ္စာနဲ့တိုင်းတာပါတယ်။ မိမိချစ်သူအပေါ်ချစ်တဲ့အချစ်ဟာ စစ်မှန်ခဲ့မယ်ဆိုရင် သူ့အပေါ်မှာ ဘယ်လိုမှသစ္စာဖေါက်မိမှာ မဟုတ်ပါဘူး။

၂။ လူတစ်ယောက်ဟာ အချစ်စစ်ကိုတစ်ခါပဲတွေ့နိုင်ပါတယ်။ အချစ်ရူးတာကိုတော့ ခဏခဏတွေ့နိုင်ပါတယ်။

၃။ အချစ်စစ်ဟာ အရမ်းချစ်တတ်သူ တစ်ယောက်အတွက် ချစ်တတ်ခြင်းကို လိုလားတဲ့သူတစ်ယောက်နဲ့တွေ့တဲ့အချိန်မှာ ကြင်နာသနားစိတ်နဲ့ အဲဒီသူဆီက ရနိုင်ပါတယ်။

၎။ အချစ်စစ်ကို ကြိုးစားလုပ်ယူလို့ မရနိုင်ပါဘူး။ သူ့ဟာသူ ဖြစ်လာမှာပါ။

၅။ အချစ်စစ်ဟာတစ်ခုတည်းရှိလို့ သက်တမ်းလည်း တစ်ခုပဲရှိပါတယ်။

၆။ နံပါတ် ၁ မှာဖြေထားပါတယ်။

၇။ အချစ်တစ်ခုကစစ်မှန်ရင် သူ့ဟာသူတာရှည်သွားပါလိမ့်မယ်။

၈။ အချစ်စစ်ဟာ ဘယ်ကြားထဲကမှ မဟုတ်ပါဘူး။ သူဟာတကယ့်ကို Great ပါပဲ။

၉။ နံပါတ် ၁ ကအတိုင်း ကျင့်ကြံပါ။

၁၀။ သူလာရင် သိကိုသိပါလိမ့်မယ်။

၁၁။ အော်တိုမစ်တစ်ပါ။

၁၂။ ကောင်းကျိုးပဲပေးပါလိမ့်မယ်။ စားဝင်၊ အိပ်ပျော်၊ အားရှိပါတယ်။

၁၃။ ဟုတ်ကဲ့။ နံပါတ် ၁ အတိုင်းကျင့်ကြံသူပါ။

၁၄။ ကိုယ့်ဟာကိုယ် ပြန်မေးကြည့်ပါ။ ကျွန်တော်ကတော့ လက်တွေ့ကြုံခဲ့ရပြီ။

၁၅။ တောင်းစရာမလိုပါဘူး။ သူ့ဟာသူလာပါလိမ့်မယ်။
သစ္စာကို ကိုင်တွယ်သူတွေအတွက်ပါ။

ကဲ.. ဆန်းစစ်ကြည့်ပါဦး။

Comments

comments

3 comments on “အချစ်စစ် ၊ ကိုနွယ်ရိုး နှင့် ZOX”

  1. NweYoe says:

    အဟေး…အခုမှမြင်တယ်ဝေး…။ကျေးကျေးဗျိုး …။ သူများဖြေခိုင်း ထားတာ ခုထိဖြေရသေးဘူး ဟီး ကျေးဇူး ဘရာသာ အမှန်တွေပဲဗျို

  2. flowerpoem says:

    Ko Zox အဖြေတွေကို ကျွန်မလက်ခံတယ် အချစ်စစ်ဆိုတာ တကယ်ရှိသလို တကယ်လည်း ခံစားလို့ရပါတယ် ၂ ဖက်စလုံး အပေါ်က အချက်တွေနဲ့ တိုက်ဆိုင်မယ်ဆိုရင် တကယ်အချစ်စစ်ရဲ့ အနှစ်သာရကို ပြည့်၂၀၂ ခံစားရမှာဖြစ်ပြီး အချိန်အတိုင်းအတာမလိုအောင်ကို ခိုင်မြဲမှာဖြစ်ပါတယ်
    မေးခွန်းတွေကို ဖြေပေးပြီး စာဖတ်သူတွေကိုမျှဝေပေးတာကျေးဇူးပါ..

  3. kaungkinpyar says:

    အင်းးးး အမ လာဖတ်တယ်၊ မေးခွန်းလေးတွေ ဖြေထားတာ ကောင်းပါတယ်၊ အချစ်နဲ့ ပတ်သတ်ပြီး သဘောတရား ကွဲလွဲနေတဲ့ အတွက် အချစ်နဲ့ပတ်သတ်တာတော့ မရေးသွားတော့ ပါဘူး:)

Comments are closed.