သွေးစုပ်မခံရဖို့

Photobucket
ရောက်ပြီးကတည်းက အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေပဲ ကြားနေရတယ်ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း အေဂျင်စီတစ်ခု ဖွင့်ထားတော့ ကျွန်တော်သူ့ဆီ တစ်ခါတစ်ခါ ရောက်သွားတဲ့ အချိန်တွေမှာ သူ့ဆီကနေ အဲဒီသတင်းတွေကို ကြားရတယ်။ တော်တော်များများ နာမည်ကြီး အေဂျင်စီတွေမှာ အလုပ်အပ်ပြီး လူလည်ကျသွားတာတွေ ခံလိုက်ရတော့ စိတ်ညစ်ညစ်နဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရောက်လာကြတယ်ဗျာ။ အဲဒီမှာ သူတို့ပြောသမျှ အကြောင်းစုံကို ကြားရတာပေါ့ဗျာ။ ဖြစ်ပုံတွေကတော့ အဖုံဖုံပေါ့။ တစ်ချို့ နာမည်ကြီးအေဂျင်စီတွေမှာ နာမည်ကြီးနိုင်ငံနဲ့ လစာကောင်းကောင်းကို ကြော်ငြာပြီး အင်တာဗျူးအတွက် လူခေါ်တယ်။ အင်တာဗျူးကြေးကို အနည်းဆုံး ၅၀၀၀ ကနေအသီးသီးတောင်းကြတယ်။ လူတွေကတော့ လစာကိုမက်မောပြီး အလုအယက်သွားဖြေကြတာပေါ့။ ဖြေပြီးလို့မအောင်ဘူးဆိုရင် အဲဒီအင်တာဗျူးကြေးက အရှုံးပေါ့ဗျာ။ (တချို့တချို့ကျတော့ ဖြေဆိုသူအားလုံးကို မအောင်ဘူးဆိုပြီး ပြောပါတယ်။ အင်တာဗျူးကြေးတွေတော့ တော်တော်ရလိုက်ပါတယ်။) တကယ်တမ်း ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တဲ့၊ အရည်အချင်းရှိသူတွေကိုကျတော့ ဘယ်နှရက်ကြာရင် ဗီဇာကျမယ်ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ စရံငွေ နှစ်သိန်းလောက်ကို တောင်းထားလိုက်ပါတယ်။ သူတို့ချိန်းတဲ့နေ့ကိုရောက်လို့ သွားမေးတဲ့အခါမှာတော့ ဟိုဘက်အေဂျင်စီက ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး ထပ်ချိန်းပါတယ်။ ဒီလိုနဲ့ တချို့ဆို ၄၊ ၅ လအထိ ကြာသွားပါတယ်။ စိတ်မရှည်တဲ့၊ မစောင့်နိုင်တဲ့ သူတွေက စရံငွေကိုသွားပြန်တောင်း၊ အလုပ်ဆက်မလျှောက်ဘူး ပြောတော့ သူတို့က စရံငွေကို ချက်ချင်းပြန်မပေးနိုင်ကြောင်း၊ ဟိုဘက်ကို အကြောင်းကြားပြီးမှ သူတို့ဘက်က ပြန်လွှဲပေးမှ ရမည်ဖြစ်ကြောင်း ပြောလွှတ်လိုက်ကြပါတယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ လူတော်တော်များများခံနေကြပါတယ်။ အေဂျင်စီဖွင့်၊ အင်တာဗျူးလုပ်၊ စရံငွေယူပြီး တော်တော်များများ လုပ်စားနေကြပါတယ်။ ကျွန်တော်တစ်ခု ပြောချင်တာက ဒူဘိုင်းတို့လိုနိုင်ငံကနေ အင်တာလာဗျူးရင် သူ့အတွက်(အင်တာဗျူးလာလုပ်တဲ့သူ) ကျွေးမွေးဧည့်ခံစရိတ်တော့ ကုမ္ပဏီက အနည်းအကျဉ်းကျခံရတာလွဲလို့ တခြားဘာမှမပေးရတတ်ပါဘူး။ စရံဆိုတဲ့ငွေကိုလည်း သူတို့ကိုမပေးရပါဘူး။ အဲဒီနိုင်ငံတွေက သူတို့စရိတ်နဲ့ပဲ လာခေါ်ကြတာပါ။ နောက်တစ်ခုက အင်တာဗျူးကြေးတောင်းပြီး အလုပ်ခေါ်တဲ့ အေဂျင်စီတွေမှာ ဘယ်တော့မှ အလုပ်မလျှောက်ပါနဲ့။ ဒူဘိုင်းကတော့ တစ်ခါတစ်လေ ဗီဇာအပလိုင်းလုပ်ချိန် တစ်လ၊ နှစ်လလောက်တော့ကြာတတ်ပါတယ်။ သူထက်ပိုမကြာပါဘူး။ နောက်တစ်ခု ကူဝိတ်အလုပ်တွေလည်း တော်တော်ခေတ်စားပါတယ်။ ကူဝိတ်ရဲ့ ဗီဇာအပလိုင်းချိန်ကတော့ နှစ်ပတ်ထက်ပိုမကြာပါဘူး။ သူ့ထက်ပိုကြာနေရင်တော့…………………….. (အေဂျင်စီ၊ (နာမည်ကြီးတွေလည်းပါတတ်ပါတယ်) တွေရဲ့ သွေးစုပ်ခံရခြင်းမှ ကင်းဝေးကြပါစေ။)

Comments

comments