ကျွန်တော်နှင့် အိမ်ထောင်ရေး

for post

ကောင်မလေးရေ…

ငါ့ရင်ဘတ်ထဲမှာ မှန် တစ်ချပ်ရှိတယ်။
အဲဒီမှန်ထဲမှာ နင့်ရဲ့ ပုံရိပ်ပဲ အမြဲတမ်းပေါ်နေတယ်။

တကယ်လို့ နင်သာ…
ငါ့ကိုပစ်သွားလို့ ငါ့ရင်ကွဲသွားမယ်ဆိုရင်

ငါ့ရင်ဘတ်ထဲက အဲဒီမှန်တစ်ချပ်လည်း
ကွဲသွားလိမ့်မယ်။

ဒါပေမယ့်…
အဲဒီမှန်ပေါ်မှာ ထင်နေတဲ့
နင့်ပုံရိပ်ကတော့ ပျက်သွားမှာ မဟုတ်ဘူး။

မှန်ကွဲစတိုင်း၊ မှန်ကွဲစတိုင်းမှာ
နင့်ပုံရိပ် တစ်ပုံစီ၊ တစ်ပုံစီ
တိုးလို့ ထင်နေမယ် ကောင်မလေးရယ်… ။

(ကျွန်တော့် ဘေးမှာ အမြဲတမ်း မငြီးမငြူ၊ ပါရမီဖြည့်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီး ကို ဒီကဗျာလေး နဲ့ ရည်ရွယ်ပါတယ်။)

နောက်ပြီး (ကျွန်တော်နှင့် အိမ်ထောင်ရေး) ဆိုပြီး တဂ်လာတဲ့ မိုးသည်းည တဖြစ်လဲ ဘလော့ဂ်ဂါ ကျွန်တော် ကိုလည်း၊ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဟာ ဒီကဗျာထဲက အတိုင်း ဖြစ်တယ်ဆိုတာ အသိပေးအပ်ပါတယ်။

Comments

comments

13 comments on “ကျွန်တော်နှင့် အိမ်ထောင်ရေး”

  1. မိုးထက်အိမ် says:

    :)…. မိန်းမကို တော်တော်ချစ်ပုံပေါ်တယ်ဗျနော်…. 🙂

  2. ဖတ်ရတာ ကောင်းတယ် ဗျာ .. ကဗျာလေးကလည်းကောင်းသလို.. ဖတ်ရတာလည်းကြည်နူးဖို့ကောင်းတယ်
    သာယာတဲ့အိမ်ထောင်ရေးရတာဟာ.. တစ်ကယ်ပျော်ဖို့ကောင်းတယ် .. ပျော်ရွင်ပါစေခင်ဗျာ

  3. ကောင်းတယ်ဗျာ စိတ်ကြည်နူးစရာ ကဗျာလေးပေါ့

  4. ကဗျာလေးက မိုက်တယ်ဗျာ….အစ်ကိုတို့ အိမ်ထောင်ရေး သာယာပါစေဗျာ….

  5. အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ . . ခံစားသွားပါတယ် ။

  6. ထာဝရသာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေဗျာ..

  7. အဲလောက်ခံစားချက်ပြည့်စုံနေရင် အစ်ကိုတို့အိမ်ထောင်ရေးသေခါပေါက်သာယာမှာပဲ
    ကျွန်တော်ထပ်ဆုတောင်းပေးသွားတယ်အစ်ကို သာယာငြိမ်းချမ်းမှုများစွာပိုင်ဆိုင်ပါစေး)

  8. ခိုင်လေး says:

    ကဗျာလေးကို ဖတ်လိုက်ရတော့ ခံစားချက်နှစ်မျိုးဖြစ်မိပါတယ် အစ်ကို။တစ်ခုက ၀မ်းသာမိတယ်။
    တစ်ခုက၀မ်းနည်းမိတယ်။ဘာဖြစ်လို့ ၀မ်းသာရတာလဲဆိုတော့ သိပ်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကိုတွေ့
    လိုက်ရသလိုခံစားမိလို့ပါ။ခုလိုမိန်းမအပေါ် နေရာပေး ဂရုတစိုက်ကြင်နာတတ်တဲ့အစ်ကို ကိုလဲလေးစားချီးကျူးပါတယ်။ဝမ်းနည်းတာကတော့ အိမ်ထောင်ရေးကံဆိုးလွန်းပြီး သိပ်တကိုယ်ဆန်တဲ့
    ယောကျာင်္းတစ်ယောက်ကုပိုင်ဆိုင်ထားရလို့ပါ။ဒီကဗျာလေးဖတ်ရတော့ ခိုင်လေးဝမ်းနည်းမိတယ်။ဒါပင်မဲ့ သူကို ခိုင်လေး အရမ်းချစ်တယ်။သူဥပက်ခါတွေကိုတော့ ခံနိုင်ရေမရှိဘူး။

  9. မိုက်လှချည်လား… ဝေးမှ ပိုလွမ်းတတ်လာတယ်ဆိုတာ ဒါမျိုးပေါ့… ခင်ဗျား အမျိုးသမီးလည်း ခင်ဗျားကို အသည်းစွဲ အရိုးကွဲအောင် ချစ်မှာ သေချာပါတယ်…

  10. အိမ် says:

    အယ်… လန်းတယ်ဗျာ.. ကဗျာက စာကြောင်းတွေ ထောက်တောက်တောက် ဖြစ်နေပေမဲ့ စာရေးသူ ဆိုလိုရင်းလေးက အတော့်ကို သဘောကျစရာပါပဲဗျာ..။ ဟုတ်တယ်နော်.. ကွဲသွားတဲ့ မှန်စတိုင်းမှာ မင်းပုံရိပ်တွေ ပိုထင်နေတယ် ဆိုတာ….။ ခိုက်သွားပြီ။
    ဒါပေမဲ့ ကောင်မလေးတွေ တမျိုးတညမည်ထင်အောင်တော့ မလုပ်ပါနဲ့ ဆရာရယ်၊ ဟုတ်တယ်လေ တော်ကြာ ..သူတို့ စိတ်ထဲမှာ.. ဒင်းတို့တွေကို ဒီလိုလုပ်မှ ပိုသတိရ၊ လွမ်းနေမှာလို့ ထင်ပြီး.. လျှောက်လုပ်ကုန်ပါ့မယ်ဗျာ.. .။ သူခိုးဓါးရိုးတော့ မကမ်းပါနဲ့ ဆရာရယ်။

  11. အဲဒီမှန်လေးကို မကွဲအောင် ကြိုးစားထားကွ… အဲဒီမှန်လေးဟာ ဒီအတိုင်းလေးပဲ တစ်သက်လုံး ပုံရိပ်လေးတွေနဲ့ ထင်ဟပ်နေပါစေဗျာ…

  12. အခုမှ ဒီအိမ်ကလေးကို လာလည်ဖူးပေမဲ့ အကိုရဲ့ ကောင်မလေး အတွက် ချစ်ခြင်းကို တန်ဖိုးထားလေးစားမိပါတယ်..သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေးလေးတခုဖြစ်မယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။
    ခင်မင်စွာဖြင့်
    အကီနို

  13. ဇာဏီ says:

    အစ်ကိုရေ…အဲလောက်ထိ ချစ်နေမှတော့..ဗျာ..
    ဒီကမ္ဘာမှာ.. အပျော်ဆုံးသူ ဘယ်သူဖြစ်နေမလဲ..တွေးကြည့်စရာလိုသေးလားဗျာ

    အားကျတယ်ဗျာ..

Comments are closed.