How to Switch from Blogger to WordPress without Losing Google Rankings

Google Rankings တွေ မပျောက်စေပဲ Blogger Blog ကနေ WordPress ကို ဘယ်လို ပြောင်းမလဲ။

WP Beginner က Syed Faizen Ali ရဲ့ Guest Post ကို အဆင်ပြေအောင် ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါတယ်။ ဒီပို့စ်မှာ Blogger Blogspot ကနေ ကိုယ်ပိုင် ဟို့စ်နဲ့ ဖန်တီးထား တဲ့ WordPress ကို ရွှေ့ပြောင်းတဲ့ နည်း (အထူးသဖြင့်) Google rankings တွေ ဆုံးရှုံးမှုမရှိပဲနဲ့ ရွှေ့ပြောင်းနည်းကို တင်ပြပေးပါမယ်။ Google Ranking လို့ ဆိုတဲ့နေရာမှာ သင့်ရဲ့ URLs အဟောင်း၊ Search traffic, Google Pagerank နဲ့ RSS Subsribers တို့ကိုပါ ဆုံးရှုံးမှု မရှိစေခြင်း ကိုဆိုလိုပါတယ်။ သင်ဟာ လက်ရှိ Blogger မှာ ဟို့စ် လုပ်ထားတဲ့ (abc.blogspot.com) ကို အသုံးပြု ဘလော့ဂ် ပြုလုပ်ထားတယ် ဆိုပါစို့။ အဲ့ဒီကနေ ကိုယ်ပိုင်ဟို့စ် အသုံးပြု ထားတဲ့ WordPress ကို မိမိနှစ်သက်ရာ Top Level Domain Name (ဥပမာ- www.abc.com) အဖြစ် ပြောင်းဖို့ ဆန္ဒရှိနေပြီ ဆိုရင် သင့်ရဲ့ နဂိုရှိရင်းစွဲ Page Ranks တွေ၊ သင့်မိတ်ဆွေ အပေါင်း အသင်းတွေ သိပြီး ဖြစ်တဲ့ သင့်ရဲ့ URLs အဟောင်းတွေ၊ သင့်ဘလော့ဂ်ရဲ့ Search Traffic အဟောင်းတွေ ကို မပျောက်ပျက် စေပဲ WordPress ရဲ့ ကိုယ်ပိုင်ဟို့စ်၊ သင်ရွေးချယ် အသုံးပြု တော့မယ့် ကိုယ်ပိုင် အမိုက်စား ဒိုမိန်းနဲ့ ဘယ်လို သစ်လွင်ရမလဲ ဆိုတာကို အောက်မှာ ရှင်းပြပေးမှာ ဖြစ်ပါတယ်။

သင်နဲ့ ကျွမ်းဝင် နေပြီးသား ဖြစ်တဲ့ Blogger Blogspot ကနေ Blogging Platform အသစ်ဖြစ်တဲ့ WordPress ကို ပြောင်းရွှေ့ဖို့အတွက် သင့်မှာ အခက် အခဲ အနည်းငယ် တော့ ရှိကောင်း ရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် WordPress ကို အသုံးပြုဖို့အတွက် Coding အသိပညာ အနည်းငယ် လေးတော့ လိုအပ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ WordPress သုံးစွဲရာမှာ အခက်အခဲ တစ်စုံတစ်ရာ သင်တွေ့နေပီ ဆိုရင် ကျွန်တော်တို့ ဒီဂရုပ်ထဲက Myanmar WordPressers ဂုရုတွေက သင့်ကို အထောက်အကူ ဖြစ်မယ့် အကူအညီ တွေ ပေးမှာ ဖြစ်ပါတယ်။

Blogger ကနေ WordPress ကို ပြောင်းရွှေ့ခြင်း လုပ်ငန်းမစခင်မှာ သင့်ရဲ့ နဂိုမူလ Blogger Posts အဟောင်းတွေ၊ Comments တွေနဲ့ XML Template တို့ကို သေချာ လုံခြုံတဲ့ နေရာမှာ Back up ပြုလုပ် ထားသင့်ပါတယ်။

ပထမအချက် – အနေနဲ့ သင်ဟာ Blogger ကနေ WordPress ကို ပြောင်းလဲဖို့ စိတ်လည်း ပိုင်းဖြတ် ပြီးပြီ၊ သင့်ရဲ့ Blogspot Blog က Posts တွေကိုလည်း Back up လုပ်ပြီးပြီ ဆိုရင် WordPress ကို တည်ဆောက် ဖို့အတွက် Web Hosting တစ်ခု ၀ယ်ရပါမယ်။ သင်ရွေးချယ် ထားတဲ့ အလန်းစား Domain ကို အဲ့ဒီ Hosting နဲ့ ချိတ်ရပါမယ်။ နောက်ပြီး WordPress နောက်ဆုံးဗားရှင်းကိုပါ တခါတည်း Install လုပ်ထားလိုက်ရပါမယ်။ (ကိုယ်ပိုင် Hosting မှာ WordPress တည်ဆောက်ပုံ၊ Domain နဲ့ ချိတ်ဆက်ပုံ တွေကို အောက်မှာ PDF File တစ်ခု အနေနဲ့ တင်ပေးထားပါတယ်။)

Blogger to WP pic 1

ဒုတိယအချက် – အနေနဲ့ သင့်ရဲ့ BlogSpot Blog က ဒေတာ တွေကို WordPress မှာ အင်စတော လုပ်ရပါ မယ်။

–       WordPress Admin Dashboard >> Tools >> Import

–       ပြီးရင် ပေါ်လာတဲ့ List တွေထဲ ကနေမှ Blogger ကို Select လုပ်ရပါမယ်။

–       WordPress မှာ သင့်ရဲ့ Google account Access ဖြစ်ဖို့အတွက် Authorize button ကို နှိပ်ရပါမယ်။

–       Authorizing ဖြစ်ပြီးတဲ့ နောက်မှာ သင့်ရဲ့ Blogger Blogs Lists တွေကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီထဲ ကမှ သင် Import လုပ်လိုတဲ့ Blog ကို ရွေးချယ်ပြီး Import လုပ်ရပါမယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ သင့်ရဲ့ Blogger Blog ဟာ သင်အသစ် ဖန်တီးထားတဲ့ WordPress ဆီကို ရောက်ရှိလာပါလိမ့်မယ်။
posts LEFT JOIN $wpdb->postmeta ".
"ON ($wpdb->posts.ID = $wpdb->postmeta.post_id) WHERE ".
"$wpdb->postmeta.meta_key='blogger_permalink' AND ".
"$wpdb->postmeta.meta_value='$permalink[1]'";
$new_url = $wpdb->get_var($q)? $wpdb->get_var($q) : "/";
header ("HTTP/1.1 301 Moved Permanently");
header("Location: $new_url");
}
?>

တတိယအချက် – အနေနဲ့ အပေါ်မှာ ပေးထားတဲ့ PHP Coding တွေကို Copy လုပ်ပီး Notepad ထဲမှာ Paste လုပ်ကာ wpbeginner-blogger.php အမည်နဲ့ Save လုပ်ပါ။ အဲ့ဒီ နောက်မှာ cPanel ဒါမှမဟုတ် FTP software ကို အသုံးပြုပြီး ဒီဖိုင်ကို သင့်ရဲ့ WordPress Theme Directory ထဲကို Upload လုပ်ပေးပါ။ (Note: ဒီ wpbeginner-blogger.php ဖိုင်ကို သင့်ရဲ့ Theme Directory ဥပမာ- wp-content/themes/my-theme, ထဲကို လုပ်ရပါမယ်။) my-theme ဆိုတဲ့နေရာမှာ သင်အသုံးပြုထားတဲ့ WordPress theme နံမည်ဖြစ်နေပါမယ်။

စတုတ္ထအချက် – အနေနဲ့ WordPress Admin Dashboard ကို ဖွင့်ပါ။ ပြီးရင် Page>>Add New Page. နောက်ထပ် blogger ဆိုတဲ့ စာလုံးကို URL နဲ့ post tile မှာ ရေးပြီး post body ကို ဒီအတိုင်းပဲ အလွတ်ထား ထားရပါမယ်။ ပြီးတာနဲ့ Template drop-down menu ထဲကနေ WPBeginner Blogger ကို ရွေးပြီး Page ကို Publish လုပ်လိုက်ပါမယ်။

Revert classic

ပဉ္စမအချက် – အနေနဲ့ သင့်ရဲ့ Blogger Account ထဲကို Login ၀င်ပါ။ ပြီးရင် Blogger Interface အသစ်ထဲကနေ Template>> Revert to classic template ကိုသွားပါ။ HTML Template box ကို တွေ့ရပါလိမ့်မယ်။ အောက်က ကုဒ်တွေကို အဲ့ဒီ Text Box ထဲကို ကူးထည့်ပါ။ (http://www.wpbeginner.com ဆိုတဲ့နေရာမှာ သင့်ရဲ့ Domain Name အသစ်ကို ထည့်ပါ)။ http:// ဆိုတာကို မှန်ကန်ဖို့အတွက် သတိထားပါ။

<html xmlns="http://www.w3.org/1999/xhtml" xml:lang="en" lang="en" dir="">

window.location.href=’http://wpbeginner.com/’

window.location.href=’http://wpbeginner.com/blogger/?q=’

<link rel=”canonical” href=”http://wpbeginner.com/blogger/?q=” />

This page has moved to a new address.

<a href=”http://wpbeginner.com/blogger/?q=”>


ပြီးဆုံးသွားပါပြီ။ အခုအချိန်မှာ သင်ရဲ့ Blogger က ပို့စ်အဟောင်း တွေဟာ WordPress ကို ရောက်လာပါပြီ။ ယခင်ရှိပြီးသား သင့်ရဲ့ အောင်မြင်တဲ့ Google PageRank တွေနဲ့အတူ သင့်ရဲ့ WordPress အသစ်မှာ အပျော်ကြူး နိုင်ပါပြီ။ (အချိန်ကတော့ ခဏလေးပါပဲ။) ကျွန်တော်ပဲ လက်နည်းနည်း ညောင်းသွားပါတယ်။

သင့်ရဲ့ RSS Feed တွေကို Update ဘယ်လိုလုပ်မလဲ။

သင့်ရဲ့ နဂို Blogger Feed တွေကိုလည်း WordPress ကို လွယ်လွယ်ကူကူ ချိန်းပလိုက်လို့ ရပါတယ်။ အောက်ပါအတိုင်း လုပ်ပါ။ Blogger>> Settings>> Site Feed>> Custom Feed ကို သွားပြီး သင့်ရဲ့ WordPress feed address ကို ထည့်ပေးရပါမယ်။ အဲ့လို ထည့်ပေးလိုက်တာနဲ့ သင့်ရဲ့ Feeds အဟောင်း တွေဟာ သင်အသစ် ဖန်တီးလိုက်တဲ့ WordPress Blog ဆီကို အလိုအလျောက် ရောက်ရှိလာပါလိမ့်မယ်။

Comments

comments