How to Create Website with WordPress (Myanmar Tutorial Ebook)

ကျွန်တော်အခုတင်ပြမှာက WordPress CMS ကို အသုံးပြု ပြီး Personal Blog (or) Website တစ်ခုဖန်တီး တည်ဆောက်ပုံ ဖြစ်ပါတယ်။ WordPress Blogs တွေကို http://wordpress.com မှာ WordPress ရဲ့ Hosting ကိုပဲအသုံးပြု ပြီး http://yourname.wordpress.com လိုမျိုး Subdomain တစ်ခုနဲ့ အဆင့်ဆင့် ဖြည့်စွက်ပြီး အလွယ်တကူ ရယူနိုင်ပါတယ်။

ကျွန်တော်ကတော့ Self Host တွေကို အသုံးပြု ပြီး ဘယ်လို WordPress Blog တွေတည်ဆောက်မလဲ ဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်အရင်က Blog တစ်ခုဖန်တီးဖို့ ကျွန်တော်ဆန္ဒရှိ လာတာနဲ့ Google ကြီးရဲ့ Blogspot ဆီကို ခြေလှမ်းပြင်ခဲ့ပေမယ့် မိတ်ဆွေသူငယ်ချင်း တစ်ယောက်ရဲ့ လမ်းညွှန်မှု နဲ့ WordPress ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာရင်း WordPress ရဲ့ ရိုးရှင်းလွယ်ကူ အရသာရှိမှုတွေကြောင့် ကျွန်တော် WordPress ကိုနှစ်နှစ်ခြိုက်ခြိုက်စွဲလန်းခဲ့ပါတယ်။

Builtwith မှာတင်ပြထားတဲ့ လက်ရှိစစ်တမ်းအရ CMS တွေထဲမှာ WordPress ဟာ ကမ္ဘာပေါ်မှာသုံးစွဲသူ 37% နဲ့ အများဆုံးအဖြစ် ရပ်တည်နေပြီး အခြားသော CMS တွေဟာ 10% အောက်သာ သုံးစွဲသူတွေကို ဖမ်းစားထားနိုင်ပါတယ်။

Technorati ရဲ့ Top 100 Blogs မှာ အခုလိုဖေါ်ပြထားပါတယ်။

၁။ (48%) သော Blogs တွေကို WordPress နဲ့ ပြု လုပ်ထားပါတယ်။

၂။ WordPress ကိုအသုံးပြု ပြီး (74.6) Million မျှ Website တွေဖန်တီးထားပါတယ်။

၃။ WordPress နဲ့ Related ဖြစ်တဲ့ Keywords တွေကို တစ်လအတွင်း Score 37 Million အကြိမ်မျှ

ရှာဖွေခြင်းခံရပါတယ်။

၎။ WordPress ကို ဘာသာစကားပေါင်း 40 လောက်မျှ ဘာသာပြန်ထားပြီးပါပြီ။

မြန်မာဘာသာအနေနဲ့လည်း ရှိနေပါပြီ။ WordPress တစ်ခုလုံးကို (ဗမာစာ) နဲ့ သုံးနိုင်နေပါပြီ။

၅။ 22% သော အမေရိကားရဲ့ အသစ်မှတ်ပုံတင်တဲ့ ဒိုမိန်းတွေဟာ WordPress နဲ့ပဲ သူတို့ရဲ့

Website ကို Run နေကြပါတယ်။

၆။ WordPress.com က ရရှိတဲ့ Visitors အရေအတွက်ဟာ အမေရိကန် Amazon ထက် ယူနစ်အား

ဖြင့် ပိုနေပါတယ်။

၇။ ယုံကြည်ရန်ခက်ခက်ပါပဲ။ WordPress.com ဟာ 229 ယောက်သော ဝန်ထမ်းနဲ့သာ အအောင်

မြင်ဆုံးလည်ပတ်နေပါတယ်။

၈။ တစ်စက္ကန့်မှာ (6) Posts နှုန်းနဲ့ WordPress.com မှာ Publish ဖြစ်နေပါတယ်။

၉။ WordPress Plugins ပေါင်း 29000 မျ ရှိနေပြီး နေ့စဉ်နှင့်အမျှတိုးပွားနေပါတယ်။

၁၀။ WordPress.com ဟာ သူ့ရဲ့ Source Code တွေကို တစ်ရက်မှာ အကြိမ်ပေါင်း 60 ကနေ

80 အထိ Update ပြုလုပ်နေပါတယ်။

၁၁။ Self Hosted သမားတွေရဲ့ WordPress.org ကနေ WordPress Package ကို ဒေါင်းလုတ်

လုပ်ယူနေတဲ့ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက 46 Million ရှိနေပါပြီ။ ဒါဟာ

တိုက်ရိုက် ဒေါင်းလုတ်လုပ်ယူနေခြင်းဖြစ်ပြီး Hosting တွေကနေပေးထားတဲ့ One Click Install

တွေမပါသေးပါဘူး။

၁၂။ 1,000,000 သော စီးပွားရေး Websites တွေဟာ WordPress နဲ့ ဖန်တီးထားပီး အလွန်အောင်

နေကြပါပြီ။

ကဲ ကျနော်တို့ ဘာအတွက် အခြားသော CMS တွေကို စဉ်းစားနေဦးမှာလဲ။ မစဉ်းစားဘူးဆိုရင်

ဆက်လက်ချီတက်ကြရအောင်။

Self Hosted WordPress Blog တည်ဆောက်ဖို့အတွက် ကျနော်တို့မှာ ကိုယ်ပိုင် Hosting တစ်ခု

မဖြစ်မနေလိုအပ်ပါတယ်။ ဒါဆိုရင် ကျနော်တို့ဘယ်ကနေ ကိုယ်ပိုင် Hosting ဝယ်မလဲ။ လောလောဆယ်

မဝယ်ပါနဲ့ဦး။ အခမဲ့ရတဲ့ Hosting တစ်ခုနဲ့ ကျနော်တို့ စမ်းသပ်အသုံးပြုကြည့်ရအောင်။

စမ်းသပ်သုံးစွဲဖို့အတွက်တော့ Byethost ဟာ အသင့်တော်ဆုံးဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။

ဝယ်ယူအသုံးပြု တဲ့အခါကျရင်တော့ ကျနော် Bluehost ကို Recommend ပေးပါတယ်။

 

Step – 1

https://byet.host ကို သွားလိုက်ပါ။

Sign Up for Freehosting ကနေသွားပြီး Sign Up လုပ်ပါ။

byethost_signup

Sub Domain Name မှာ နှစ်သက်ရာရွေး ချယ်ထည့်သွင်းပါ။ ဥပမာ – mgmg လို့ပေးရင် Sub Domain ဟာ http://mgmg.byethost10.com ကဲ့သို့ Sub Domain တစ်ခုရရှိပါမယ်။

အချက်အလက်အလုံးစုံကို ဖြည့်သွင်းပြီးသွားရင် Byethost ကနေ Activation Email တစ်စောင် မိမိ Email ထဲကို ဝင်လာပါမယ်။ အဲ့ဒီမှာ Activation Link ကို နှိပ်ပြီး Account Creation အချိန်အနည်းငယ် စောင့်ဆိုင်းပေးလိုက်ပါ။ ပြီးတာနဲ့ မိမိ Account နဲ့ပတ်သက်တဲ့ Information တွေကို ထပ်ပေးပါလိမ့်မယ်။ သေသေချာချာသာ ကူးယူသိမ်းထားလိုက်ပါ။

processing

hosting_info

ပေးထားတဲ့ Control Panel URL ကို ကလစ်လုပ်ပီး မိမိရဲ့ Control Panel ဆီသွားပါ။

ပြီးရင် Control Panel Username , Control Panel Password ဖြည့်ပါ။

Control Panel Password ဟာ မိမိအကောင့် စတင်ပြုလုပ်စဉ်က ထည့်သွင်းထားတဲ့ Password ပဲ ဖြစ်ပါတယ်။

Enter ခေါက်လိုက်တာနဲ့ မိမိပိုင်ဆိုင်တဲ့ byethost ရဲ့ Control Panel ကို ရောက်ပါပြီ။

guide

သူပြပေးမယ့် Guide ကိုကြည့်ချင်ရင် ကြည့်နိုင်သလို မကြည့်ချင်ရင် No, I’m fine. Thanks! နဲ့ ပိတ်လိုက်ပါ။

ကျန်တာတွေကို ခဏမေ့ထားလိုက်ပြီး Byethost က Announce လုပ်ထားတဲ့ ဘယ်ဘက်အခြမ်းက

Try the new script installer ကို နှိပ်လိုက်ပါ။ အဲ့ဒီမှာ စတွေ့ပါလိမ့်မယ်။

one_click_script

Softaculous ရဲ့ Dashboard ထဲကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ ကျနော်တို့ရဲ့ WordPress ဟာ အရှေ့ဆုံးမှာ ဝင့်ဝင့်ကြွားကြွားရှိနေပါတယ်။ WordPress ပုံပေါ် Pointer တင်ပြီး install ကိုသာ တခါတည်း နှိပ်လိုက်ပါ။

WordPress_click

Software Setup ထဲကို ရောက်သွားမှာဖြစ်ပြီး In Directory ထဲက wp ကို ဖျက်ပေးလိုက်ပါ။

remove_wp

Site Name, Site Description, Admin Username, Admin Password, Admin Email တွေကို ဖြည့်ပေးပါ။

Enable WPMU ကို Check မလုပ်ပဲထား ထားပေးပါ။ WPMU အကြောင်းကို နောက်မှပဲ တင်ပြပေးပါ့မယ်။

စိတ်ကြိုက် Theme တစ်ခုကိုပါရွေးချယ်ပြီး install ကိုနှိပ်လိုက်ပါ။

checking_data

Done_wp

WordPress Installation ပြီးသွားပါပြီ။

မိမိရဲ့ Website URL နဲ့ Administration URL ကို ပြပေးပါလိမ့်မယ်။

Administration URL ကို နှိပ်ပြီး သတ်မှတ်ထားခဲ့တဲ့ Admin Username, Admin Password တို့ကို ဖြည့်စွက်ပြီး မိမိရဲ့ WordPress Dashboard ထဲကို ဝင်ရောက်လိုက်ပါ။

အခုဆို သင်ဟာ WordPresser တစ်ယောက်ဖြစ်နေပါပြီ။း)

login-page

first-dashboard

ကျနော်အပေါ်ပုံမှာ ပြထားတဲ့အတိုင်း WordPress Dashboard ဟာ ဖန်တီးရာမှာ လွယ်ကူအဆင်ပြေစေ

မယ့် Items တွေနဲ့ ဖွဲ့စည်းပေးထားပါတယ်။

ထိပ်ဆုံး Admin Bar မှာတွေ့နေရတဲ့ My Sites ဆိုတာကိုတော့ ကျော်သွားပေးပါ။ ကျနော် WordPress Install လုပ်ရာမှာ WPMU အဖြစ်လုပ်ခဲ့လို့ အဲ့ဒါကို ဖေါ်ပြပေးနေခြင်းဖြစ်ပါတယ်။

Home Icon နဲ့အတူဖေါ်ပြပေးနေတဲ့ မိမိဘလော့ဂ်ရဲ့ နံမည်ဟာ မိမိ ဘလော့ဂ်ကိုသွားမယ့် Link ကို ချိတ်ပေးမှာ ဖြစ်သလို ဘလော့ဂ်ဆီကို ရောက်ရှိနေစဉ်အချိန်မှာလည်း Dashboard ကို ပြန်လာမယ့် Links တွေကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။

visit_site

သူ့ဘေးမှာကတော့ Update ပြုလုပ်ဖို့လိုနေတဲ့အချိန်မှာ ပြပေးတဲ့ Notification, Comments အရေအတွက်နဲ့ Post, Media, Page, User တွေကို အလွယ်တကူ အလျှင်အမြန်ပြုလုပ်လို့ရမယ့် Items တွေဖြစ်ပါတယ်။

wp_dashboard2

Dashboard Page Body ထဲမှာဖေါ်ပြပေးနေတဲ့ Welcome to WordPress အတွင်းထဲက Write your first blog post ကို Click လုပ်ပြီး ကျနော်တို့ ပထမဆုံး Post တစ်ခုစတင်ဖန်တီးကြည့်ရအောင်ပါ။

add_new_post

Click လုပ်ပြီးတဲ့ နောက်မှာ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Add New Post ဆိုတဲ့ Page ကို ရောက်ရှိ သွားပါမယ်။

how_to_post

အဆင်ပြေသလို Title တွေ၊ Post စာသားတွေရိုက်ထည့်ပါ။ ညာဘက် Side Bar မှာ +Add New Category ကို နှိပ်ပြီး ကိုယ်ထည့်သွင်းလိုတဲ့ ဖန်တီးမယ့် Categories တွေကို ထည့်သွင်းပါ။ Post ဖန်တီးရာမှာ Image တွေ၊ Video ကိုပါ ထည့်သွင်းလိုရင်တော့ Text Box ရဲ့ အပေါ်ဘက်နားက Add Media ကို နှိပ်ပြီး မိမိထည့်သွင်းလိုတဲ့ Files တွေကို ရွေးချယ်ပေးနိုင်ပါတယ်။ ပြီးရင် အပြာရောင် Publish Button ကို နှိပ်လိုက်ပါ။

ပြီးရင် အပေါ်ဘက်က Edit Post အောက်မှာ View Post ကို နှိပ်ပါ။ မိမိရဲ့ ဘလော့ဂ်ဆီကို ရောက်သွားပြီး မိမိဖန်တီးထားတဲ့ ပို့စ်ကို မြင်ရပါလိမ့်မယ်။

အဲ့လိုပဲ ထိပ်ဆုံးမှာရှိနေတဲ့ Admin Bar က မိမိရဲ့ ဘလော့ဂ်နာမည်ကို Pointer ထောက်ပြီး ကျလာတဲ့ Menu ထဲက Visit site ကို နှိပ်လိုက်မယ်ဆိုရင် မိမိဖန်တီးထားတဲ့ Post ဟာ မိမိရဲ့ ဘလော့ဂ်မှာ Publish လုပ်ပြီးသားအဖြစ် မြင်တွေ့ရပါလိမ့်မယ်။

visit_site

မိမိ Site ကို ရောက်ရှိနေချိန်မှာ Admin Bar မှာ Customize ဆိုတဲ့ Menu တစ်ခုကို တွေ့ပါလိမ့်မယ်။

Click လုပ်လိုက်ပါ။

customize

အောက်ကပုံအတိုင်း အလွယ်တကူ မိမိ Site ကို Customize လုပ်လို့ရမယ့် Panel တစ်ခုဆီကို ရောက်သွားပါလိမ့်မယ်။

customize2

Active Theme အဖြစ် မိမိလက်ရှိအသုံးပြုထားတဲ့ Theme ကို ပြပေးနေမှာဖြစ်ပြီး အခြား Theme ကို ပြောင်းလဲအသုံးပြုလိုပါက Change Button ကို နှိပ်ပြီး ပြောင်းလဲနိုင်ပါတယ်။

Site Identity ဟာ မိမိ Site ရဲ့ Title နဲ့ Tag ကို ပြုပြင်နိုင်တဲ့ နေရာဖြစ်ပြီး Colors ကိုတော့ မိမိကိုယ်တိုင်သာ စမ်းသပ်ကြည့်ပါ။ ပြောင်းလဲမှုကို Live Preview အနေနဲ့ ပြပေးမှာ ဖြစ်ပါတယ်။ အဲ့လိုပဲ Header Image, Background image တို့ကိုလည်း အလွယ်တကူ ဒီနေရာကနေ ပြောင်းလဲနိုင်ပြီး တပြေးညီ Preview ကြည့်နိုင်ပါတယ်။

Menu သုံးစွဲပုံကိုတော့ အနည်းငယ်ရှင်းပြလိုပါတယ်။ Menu ကို သုံးစွဲနိုင်ဖို့ အရင်ဆုံး Site Dashboard ကို သွားပြီး Page > Add New လုပ်ပြီး About Me ဆိုတဲ့ Page တစ်ခုဖန်တီးလိုက်ပါ။ ပြီးရင် Publish လုပ်ပါ။

How_to_Menu

ပြီးရင် Appearance > Menus ကို သွားပြီး Create a new menu နှိပ်ကာ My Menu ဆိုပြီး Menu တစ်ခုဖန်တီးပါ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း Pages အောက်မှာ ခုနက ဖန်တီးခဲ့တဲ့ About Me ဆိုတဲ့ Page ကို Check လုပ်ပြီး Add to Menu ကိုနှိပ်ပါ။

အဲ့လိုပဲ Categories အောက်မှာ ဟိုးအစ Post တင်တဲ့အချိန်ဖန်တီးထားခဲ့တဲ့ Myanmar ဆိုတဲ့ Category ကို Check လုပ်ပြီး Add to Menu ကို နှိပ်ပါ။ ညာဘက် Menu Settings အောက်မှာ Main Menu ကို Check လုပ်ပြီး Save Menu ကို လုပ်ပါ။ အခု မိမိရဲ့ Site ဆီကို Visit site ကနေ သွားလိုက်ပါ။

display-menu

Site Home Page ရဲ့ Main Menu မှာ ခုနကထည့်သွင်းလိုက်တဲ့ Menu တွေကို ဖေါ်ပြပေးနေပါပြီ။ ဒီလိုနည်းနဲ့ မိမိတို့ ဖန်တီးချင်တဲ့ Pages တွေ၊ Categories တွေ၊ Custom Links ကနေတဆင့် မိမိတို့ ရောက်စေချင်တဲ့ အခြားလင့်က် တွေကို Home Page Menus တွေအဖြစ် အလွယ်တကူ ဖန်တီးနိုင်ပါတယ်။

Installing WordPress Theme

WordPress ကို အလှဆင်ဖို့အတွက် များပြားဆန်းပြား အသုံးဝင်လှတဲ့ Theme တွေကိုလည်း အလွယ်တကူပဲ Install ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်ပုံက ဒီလိုပါ။

add_new_theme

Themes > Add New ကို နှိပ်လိုက်မယ်ဆိုရင် Byethost က Upload လုပ်ထည့်သွင်းပေးထားတဲ့ Themes အချို့ကို တွေ့ရပါလိမ့်မယ်။ နှစ်သက်ရာ Theme ကို ရွေးချယ်ပြီး install ကို နှိပ်လိုက်ပါ။

choose_theme

install ပြီးသွားရင် တခါတည်း activate လုပ်ပြီး visit site ကနေ မိမိ Site ကို ကြည့်လိုက်ပါ။

Site ရဲ့ အသွင်အပြင်ဟာ လက်ရှိ Install လုပ်လိုက်တဲ့ Theme အသစ်နဲ့ ပြောင်းလဲနေပါလိမ့်မယ်။

Hosting မှာ အသင့်ပါလာတဲ့ Theme တွေကို အသုံးမပြုပဲ အခြားသော WordPress Theme Website တွေကနေတဆင့် Download လုပ်ပြီးအသုံးပြုချင်တယ်ဆိုရင်လည်း ရပါတယ်။

Theme > Add New > Upload theme ကနေတဆင့် မိမိ Download လုပ်ထားတဲ့ Theme ကို Hosting မှာ Upload လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီနည်းနဲ့ နှစ်သက်ရာ Theme အမျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Installing Plugins

Plugins ပေါင်း (4) သောင်းကျော်ဟာ WordPress Users တွေအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး တည်ရှိနေပါတယ်။ မိမိအသုံးပြုလိုတဲ့၊ မိမိနဲ့ အပ်စပ်မဲ့ Plugins တွေကို Theme install ပြုလုပ်သလိုမျိုးပဲ Appearance > Plugin > Add New ကနေ Install ပြုလုပ်နိုင်ပါတယ်။ မဖြစ်မနေ install လုပ်ထားသင့်တဲ့ Plugins တွေကို ညွှန်ပြရရင်တော့ Akismat နဲ့ Jetpack တို့ပဲ ဖြစ်ပါတယ်။

plugins

Plugins တွေရဲ့ အကြောင်းနဲ့ အသုံးဝင်ပုံတွေကို WordPress.org ရဲ့

https://wordpress.org/plugins/ မှာ သွားရောက်လေ့လာနိုင်ပါတယ်။

အခုလောက်ဆိုရင်တော့ WordPress Blog တစ်ခုတည်ဆောက်ပုံကို အခြေခံလောက်တော့ သိရှိပြီး မိမိကိုယ်တိုင်တည်ဆောက်နိုင်ပြီလို့ထင်ပါတယ်။ ကျနော်ဟာလည်း လေ့လာသင်ယူနေဆဲသူ တစ်ယောက်ဖြစ်တဲ့အပေါ်မှာ အမှားအယွင်းများ ရှိကောင်းရှိနိုင်ပါတယ်။ နားလည်ပေးပါလို့ မေတ္တာရပ်ခံရင်း … ။

ကျနော့်ကို WordPress နဲ့ စပြီး မိတ်ဆက်ပေးခဲ့တဲ့ Blogger သားဖြိုး၊ WordPress ကို ပိုမိုခင်တွယ်စေခဲ့တဲ့ ကိုဘလက် (Black Dream – Founder of Myanmar Genius)၊ WordPress နဲ့ ပတ်သက်တဲ့ သိလိုသမျှ အဝဝကို ယနေ့ထက်အထိ မျှဝေပေးနေတဲ့ ကိုစည်သူသွင် (Ayar Myanmar Unicode) တို့ကို အစဉ်ထာဝရ ဂါရဝပြု လေးစားလျှက် …. ။

WordPress နဲ့ ဘဝမှာ အလှတစ်ခု တည်ဆောက်နိုင်ပါစေ။

Zox Zin Min

Giant’s Web

21. Nov. 2015 (12:56 AM)

ဒီ ပို့စ်တစ်ခုလုံးကို Ebook အနေနဲ့ လေ့လာဖတ်ရှုလိုတယ်ဆိုရင် အောက်က လင့်က် ကနေ Download ရယူနိုင်ပါတယ်။

Click Here to Download for How to Create Website with WordPress (Myanmar Ebook) PDF.

 

Comments

comments

3 comments on “How to Create Website with WordPress (Myanmar Tutorial Ebook)”

  1. kyaw zay Ya says:

    အခုလိုတင်​​ပေးတဲ့အတွက်​ အရမ်း​ကျေးဇူးတင်​ပါတယ်​။ ​နောက်​ထွက်​မဲ့
    စာအုပ်​​တွေလည်း ​စောင့်​​မျှော်
    အား​ပေး​နေပါမယ်​။

  2. Ye Min Phyo says:

    မင်္ဂလာပါခင်ဗျာ

    Travel နဲ့ပတ်သပ်ပြီးတော့ Website အတွက် Themes
    တွေ Plugin တွေ အသုံးဝင်မယ့်ဟာပေါ့နော်အဲ့တာတွေသိချင်ပါတယ်

    1. Zox says:

      http://whitelabel.dohop.com/blog/best-wordpress-plugins-for-travel-websites/
      ဒီ လင့်က် ကနေ လေ့လာကြည့်ပါခင်ဗျ။ ရွေးချယ်ပေးထားပါတယ်။ လိုအပ်တာ ရှိရင် ပြန်မေးပါ။

Comments are closed.

%d bloggers like this: