Join for Global WordPress Translation Day

 

WordPress Polyglots Team အနေနဲ့ ဒုတိယမြောက် Global WordPress Translation Day ကို လာမယ့် နိုဝင်ဘာလ (၁၂) ရက်နေ့ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ WordPress Translation နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မည်သူမဆို သူတို့နဲ့ Join လုပ်နိုင်ပါတယ်။

Translating ဟာ ကျနော်တို့အတွက် WordPress ရဲ့ Project တွေမှာ ပါဝင်ကူညီဖို့ အလွယ်ကူဆုံး လမ်းတစ်ခုဖြစ်ပါတယ်။ Global WordPress Translation Day ကနေ ကျနော်တို့ အတွက် Translating နဲ့ ပတ်သက်ပြီး အသိပညာတွေ ပိုမိုရရှိလာမှာ ဖြစ်သလို ကမ္ဘာအရပ်ရပ်က WordPress အချစ်တော်တွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး (၁၆၀) သော ဘာသာစကားတွေနဲ့ ဘာသာပြန်ပြီးသား ဖြစ်နေပြီးဖြစ်တဲ့ ကျနော်တို့ရဲ့ WordPress အတွင်း မြန်မာဘာသာပြန်အဖွဲ့တစ်ခု အဖြစ် ပါဝင်နိုင်မှာဖြစ်ပါတယ်။

Join us on November 12th from anywhere in the world

Translation Day ဟာ နိုဝင်ဘာလ (၁၂) ရက်၊ စနေနေ့မှာ စတင်တော့မှာပါ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အချိန်အနေနဲ့ဆိုရင်တော့ နိုဝင်ဘာလ (၁၂) ရက်၊ မနက် ၆း၃၀ လောက်ဖြစ်ပါမယ်။ အချိန်ကတော့ အချိန်ကောင်းပါပဲ။ အခုအချိန်ကတည်းက Join လို့ ရနေပါပီ။

Who’s it for?

WordPress Translate နဲ့ ပတ်သက်ပီး ကိုစည်သူသွင် က ပထမဆုံး ဧရာယူနီကုတ် နဲ့ မြန်မာဘာသာ ကို ဘာသာပြန်ခဲ့ပါတယ်။ WordPress Myanmar Version ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ WordPress.Org တစ်ခုလုံးကိုလည်း မြန်မာဘာသာနဲ့ ပြန်ခဲ့ပါသေးတယ်။ သူအစပျိုးထားတဲ့ WordPress Myanmar Translating Team က ရှိနှင့်နေပြီး ဖြစ်တဲ့ အတွက် ကျနော်တို့ အတွက် သိပ်ပြီးတော့ အခက်အခဲ မရှိလောက်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ဟာ ဘယ်ကနေ ဘယ်လိုစပြီး ဘာသာပြန်ရမယ်ဆိုတာတောင် မသိတဲ့သူပဲ ဖြစ်ပါစေ၊ အရင်ကတည်းက WordPress ဘာသာပြန် အတွေ့အကြုံ ရှိနှင့်နေပြီးတဲ့သူပဲ ဖြစ်ပါစေ၊ နိုဝင်ဘာ (၁၂) ရက်နေ့ လုပ်မယ့် Translation Day ဟာ အကျုံးဝင်ပါတယ်။ အဲ့ဒီနေ့မှာ ကျနော်တို့ဟာ အတွေ့အကြုံရင့်တဲ့ ကမ္ဘာ့မြေပုံအနှံ့က Contributors တွေနဲ့လည်း တွေ့ဆုံနိုင်သလို ကျနော်တို့ရဲ့ Themes နဲ့ Plugins တွေအတွက် Translators တွေကို ရှာဖွေနိုင်ပါလိမ့်မယ်။ Internationalization နဲ့ ပတ်သက်ပြီးလည်း သင်ယူနိုင်ပါလိမ့်မယ်။

WP Translation Day ကို ဝင်ကြည့်ပါ။ ပြီးရင် Translate WordPress ကိုပါ ဝင်ကြည့်လိုက်ပါ။ တခုခု မေးချင်တာ၊ သိလိုတာ ရှိရင်တော့ #Polyglots In Slack ကနေ Event Organizers တွေနဲ့တွေ့ဆုံပြီး မေးမြန်းလို့ရပါတယ်။ Chat.WordPress.Org ကနေ Slack အတွက် Invite လုပ်နိုင်ပါတယ်။

တဆက်တည်း ပြောချင်တာက ကျနော်တို့ Myanmar WordPress ကနေ မနှစ်က Myanmar WordPress Meetup ကို ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ပါတယ်။ မကြာခင်ကာလအတွင်းမှာလည်း ဒုတိယအကြိမ် ပြုလုပ်ဖို့အတွက် တိုင်ပင်ပြင်ဆင်နေပါတယ် ဆိုတဲ့ အကြောင်းကို ပြောကြားလိုပါတယ်။

WordPress နဲ့ လှပပြည့်စုံတဲ့ စာမျက်နှာတွေ တည်ဆောက်နိုင်ကြပါစေ။

Zox Zin Min

7. Nov. 2016

8:35pm

Comments

comments